နောက်ဆုံးရ မနက်ခင်းအားကစား သတင်းတိုများ

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို တို့ရဲ့ စပိန် ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက အချိန်ပို သွင်းဂိုးတွေနဲ့အတူ တီကို အသင်းကို ၃-၁ နဲ့ အနိုင်ယူပြီး ဆီးမီးအဆင့် တက်လှမ်းသွားခဲ့ပါတယ်။

ရီးရဲလ်အသင်း တိုက်စစ်မှူး ဘင်ဇီမာကတော့ အချိန်ပို အရောက်မှ တီကို အသင်းကို အသည်းအသန် အနိုင်ကစားခဲ့ရခြင်းအပေါ် ကျေနပ်မှုမရှိဖြစ်နေပြီး ၎င်းတို့အသင်းအနေနဲ့ အစောပိုင်းကတည်းက သွင်းဂိုးတွေ ရှာဖွေနိုင်ခဲ့သင့်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ၎င်းရဲ့ ဆရာ ဖြစ်သူ ဂွာဒီယိုလာဟာ ပွဲရလဒ် အဖြေကို ပြောင်းလဲပေးနိုင်သူ တစ်ယောက်ဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

လမ်းပတ်ကတော့ ရာထူးမှ အထုတ်ပယ်ခံခဲ့ရပေမယ့် ၎င်းရဲ့ အသင်းဟောင်း အဲဗာတန် အပေါ် ဆက်လက်ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ် ဝီဂန်အသင်းကို သွားရောက်နည်းပြနေတဲ့ အာဆင်နယ် အသင်းနောက်ခံလူဟောင်း ကိုလို တိုရေးကတော့ ၂ လမပြည့်ခင်မှာပဲ ရာထူးမှ ပြန်လည် ထုတ်ပယ်ခံလိုက်ရပါတယ်။

လိုင်ယွန်အသင်းဥက္ကဌ အူးလက်စ်ကတော့ ချဲလ်ဆီးပစ်မှတ် ဂတ်စ်တိုဟာ ၎င်းတု့ိ အသင်းကို စွန့်ခွါသွားမယ့်သူ မဟုတ်ကြောင်း ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းလူငယ်ကစားသမားလေး ဘာဂျက်စ်တစ်ဟာ အသင်းနဲ့ ကာလရှည် စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဖီအိုရင်တီးနားအသင်းကတော့ ပရီးမီးယားလိဂ် အသင်းအတော်များများရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကြယ်ပွင့် ကွင်းလယ်ကစားသမား အမ်မာဘတ်ကို ယခုဆောင်းရာသီ ဈေးကွက်အတွင်း ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း အသိပေးသွားခဲ့ပါတယ်။