ဇွန်လ ၂၃ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၂၂ ရက်နေ့ ၁၀၂၀ နာရီချိန်တွင် လမိုင်းမြို့၊ မြို့မ(၂) ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သော ဒေါ်စန်းမြင့်ကြွယ် (ခ) မကြွယ် (၅၅) နှစ်သည် နေအိမ်မှ လမိုင်းမြို့ဈေးသို့ သွားရောက်စဉ် ဈေးအနီးအရောက် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဒေါ်စန်းမြင့်ကြွယ်(ခ) မကြွယ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၂၂ ရက်နေ့ ၁၈၁၅ နာရီချိန်တွင် ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်တွက် နေထိုင်သော ဦးရဲနိုင်အောင် (၄၄) နှစ်သည် ကျိုက်ထိုမှ ကျိုက်ပိဘက်သို့ ဆိုင်ကယ်ဖြင့်လာရောက်စဉ် အကြမ်းဖက်သမား PDF ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်သွားသဖြင့် ဦးရဲနိုင်အောင် တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွဦးခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၂၂ ရက်နေ့ ၁၅၃၀ နာရီချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ လက်ပံခုန်ကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးစန္ဒာသီရီ။ သက်တော်(၅၆) နှစ်၊ ဝါတော်(၃၆) ဝါ၊ ပေါင်းတည်မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်သည် အမျိုးသား ၁ ဦးနှင့်အတူ တောင်ခမောက်ကျေးရွာရှိ နာရေးဆွမ်းသွပ်မှ အပြန် တောင်ခမောက်ကျေးရွာနှင့် လက်ပံခုန်ကျေးရွာအကြား ကျေးရွာချင်းဆက်လမ်း၌ အကြမ်းဖက်သမား PDF ၃ ဦးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆရာတော်တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှ်ိရ..