ကျောင်းသားဟောင်းတွေက ပြုလုပ်ပေးတဲ့ ဆရာမကြီးရဲ့ မွေးနေ့

ဆရာသည် မိမိတို့သိအပ်တတ်အပ်သော အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ ဂုဏ်အရည်အချင်း များနှင့်ပညာရပ်များကိုအသုံးပြု၍ နိုင်ငံနှင့် လူမျိုးအကျိုးကို  လက်ဆင့်ကမ်းဆောင်ရွက်မည့်  နိုင်ငံ့ သားကောင်း   လူ့စွမ်းအားအရင်းအမြစ်များကို  “သားကောင်းတစ်ယောက်၊ ကျောက်ကောင်းတစ်စေ့” ဖြစ်အောင် ကျောက်ရိုင်းတုံးဘဝမှ အရောင်ရွှန်းလက် တောက်ပသော ကျောက်တုံးကလေးများ ဘဝရောက်အောင် သွေးနေသူများဖြစ်သည်။ “ယနေ့လူငယ်၊  နောင်ဝယ်လူကြီး” ဖြစ်ရန်သာမက “ယနေ့လူငယ်၊ နောင်ဝယ်နိုင်ငံ့သားကောင်း” ဖြစ်ရန်လည်း သင်ကြားပြသဆုံးမကာ ဘဝအသိ၊ ဘဝအမြင်၊ ကျွမ်းကျင်မှုခွန်အားများကို တည့်မတ်မှန်ကန်သော ဘဝလမ်းကြောင်းပေါ်သို့ တင်ပေးခြင်း ဖြင့် “ပညာပြည့်၀ နှလုံးလှ” ဆိုသည့်အဖိုးမဖြတ်နိုင်သော  နိုင်ငံ့သားကောင်း ဖြစ်လာရန် သင်ကြားပေး နေသူများဖြစ်သည်။

ဆရာဟူသည် ဆရာဂုဏ်အင်္ဂါများနှင့် ပြည့်စုံညီညွတ်ပြီး ပန်းကောင်းတစ်ပွင့် ကျောက်ကောင်း တစ်စေ့ဖြစ်လာအောင် ဝါသနာ၊ စေတနာ၊ အနစ်နာတည်းဟူသော နာသုံးနာခံကာ တပည့်များအား ပြုစုပျိုးထောင်သူဖြစ် ၍တပည့်များအနေဖြင့် ဆရာများအားလေးစားရိုသေမှု ပြုကြရမည်ဖြစ်ပါတယ်။