လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရလို ၁၁ ဦး သေဆုံးတယ်လို့ “မောင်း” မှ သတင်းအတုရေး

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကမိုင်ကုန်ကျေးရွာ ရေကူးကန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ၁၄/ဦးဆောင်သော ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်လို့ “မောင်း” မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၂၇ ရက်နေ့၌ ကော့ကရိတ်မြို့ ကမိုင်ကုန်ကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိပါဘဲ “မောင်း” မှ လုပ်ဇာတ်ဆင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။