Mizzima ရေးတဲ့ သံတံတားဂိတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ဇူလိုင်လ ၁ ရက်နေ့နှင့် ဇွန်လ ၃၀ ရက်နေ့ကလည်း ဘီးလင်းနှင့် ကျိုက်ထိုမြို့အား ဆက်သွယ်ထားသည့် သံတံတားလုံခြုံရေးဂိတ် အား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးခဲ့ကြောင်း Mizzima မှ ရေးသားထားတဲ့ သတင်းမှားကို တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လ ၃၀ ရက်နှင့် ဇူလိုင်လ ၁ ရက်နေ့တို့တွင် ဘီးလင်းနှင့် ကျိုက်ထိုမြို့အား ဆက်သွယ်ထားသည့် သံတံတားဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Mizzima မှ ဖြစ်စဉ်မရှိဘဲ လူအထင်မှားအောင် စိတ်ကူးယဉ် လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။