သထုံဘက်မှာ ဘုန်းကြီးကျောင်းပိုင် ငွေ ၁၇ သိန်းနဲ့ ဖုန်းတစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မယူသွား ဆိုသည့် သတင်းအမှား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းပိုင် ငွေကျပ် ၁၇ သိန်း နဲ့ ဖုန်းတစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မလာယူသွားကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က Than Lwin Times မှ ရေးသားဖြန့်ဝေနေသည့် သတင်းသည် သတင်းတု၊ သတင်းအမှားသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဂုဏ်သိက္ခာကျစေရန်နဲ့ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ကောလာဟလ သတင်းတုသတင်းမှားများရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရပါတယ်။