လောကမှာ သားသမီးနှစ်မျိုးရှိပါတယ်

ကိုယ့်ကို အကြွေးလာဆပ်တဲ့ သားသမီးရယ်၊
ကိုယ့်ကို အကြွေးလာတောင်းတဲ့ သားသမီးရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
ကိုယ်မွေးတဲ့ သားသမီးတိုင်းကို ရတနာဖြစ်စေချင်ကြပေမယ့်
တချို့မိဘတွေက ကံဆိုးတယ်။
ရတာ နာ ဖြစ်သွားခဲ့ကြတယ်။
အကြွေးလာဆပ်တဲ့ သားသမီးဆိုတာ မိဘအပေါ်သိတတ်တယ်။
ကျေးဇူးမဆပ်နိုင်ရင်တောင် စိတ်ဒုက္ခ မပေးဘူး။
သူ့ဟာသူလေး အဆင်ပြေအောင် နေတတ်တယ်။
ပြီးတော့ မထောက်ပံ့နိုင်ရင်တောင် တဂျီဂျီလုပ်ပြီး ဒုက္ခမပေးတတ်ဘူး။
မိဘကို ရှာမကျွေးနိုင်ရင်တောင် နောက်ထပ်ပြဿနာတွေ
အိမ်သယ်မလာတတ်တဲ့ ကလေးမျိုးပေါ့။
အကြွေးလာတောင်းတဲ့ သားသမီးဆိုတာ
သူများတွေအပေါ် သည်းခံတတ်သလောက်
ကိုယ့်မိဘအပေါ်ကျ အင်မတန် ဆိုးသွမ်းချင်ကြတယ်။
နားလည်ဖို့ဆိုတာ ဝေး၊
လိုချင်တာ ဖြစ်ချင်တာ တစ်ခုတည်း သိပြီး
အဆင်ပြေမှ ပြေရဲ့လား၊ လုပ်ပေးနိုင်ရဲ့လား၊
နည်းနည်းလေးမှ ထည့်မတွက်ဘူး။
သူတို့ဆန္ဒလောက်သာ ရှေ့တန်းတွေတင် ပြဿနာတွေ ရှာတက်ကြတယ်။
အရင်က လင်မယား နှစ်ယောက်တည်း ပျော်ရွှင်ခဲ့ရတဲ့ မိသားစုလေး
ဒီသား ဒီသမီး ရလာမှ သောကတွေ ဝေကြရတယ်။
ဒါ အကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့။
မိဘကျေးဇူး မသိတတ်ရင်တောင် ကျေးဇူးမကန်းပါနဲ့
မစော်ကားပါနဲ့ မပြစ်မှားပါနဲ့ ။
မွေးထားရုံနဲ့တင် ကျေးဇူးတော်တော်ကြီးနေပါပြီ။
အကြွေးလာဆပ်တဲ့ သားသမီးမျိုး မဖြစ်ရင် နေပါစေ။
အဖေ အမေဆီက အကြွေးလာတောင်းတဲ့ သားသမီးမျိုး မဖြစ်ပါစေနဲ့ ။