ဗိုလ်ကြီးကိုပစ်သတ်ပြီး သေဆုံးခဲ့သည့် အရာခံဗိုလ်မိသားစုလိုင်းခန်းမှနှင်ချခံရကြောင်း Ayeyarwaddy မှ သတင်းအမှားရေး

အချင်းချင်းပစ်ခတ်ပြီး သေဆုံးခဲ့သည့် အရာခံဗိုလ်ဟာ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင်တင် ကျေးရွာအုပ်စုတွင်ရှိသော တပ်မတော်၏ အမှတ်(၆)လေ့ကျင့်ရေးတပ်တွင်နေထိုင်သူဖြစ်ကြောင်း တပ်အသိုင်းဝိုင်းမှ သိရတယ်လို့ Ayeyarwaddy Times Page မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သေဆုံးခဲ့သည့် အရာခံဗိုလ်မိသားစုသည် အမှတ်(၆)လေ့ကျင့်ရေးတပ်တွင် နေထိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ရသင့်ရထိုက်သည့် ခံစားခွင့်များကိုလည်းပြန်လည်သိမ်းယူထားခြင်းမရှိကြောင်းဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Ayeyarwaddy Times Page မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ပျက်ပြားအောင် ရည်ရွယ်လုပ်ကြံဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။

MIsinformation

FACT-CHECK