အပိုင်တစ်ပွဲကို အနိုင်ကန်ပြီး ခိုးကြည့်သူတွေကို စိတ်ထိခိုက်စေခဲ့တဲ့ နို့ဘူး

FULLTIME: Mancity 3 : 0 WES

  • ဧည့်သည်တူကြီးတို့အသင်းကို အိမ်ကွင်းမှာ ဂိူးပြတ်ချေမှုန်းပြီး နို့ဘူးတို့ ဇယားထိပ်ဆုံးကို ပြန်လည် တက်ရောက်လာခဲ့ပါပြီ။
  • မျှော်လင့်ချက်ဗလာနဲ့ အီတီဟတ်ကိုရောက်လာတဲ့ တူကြီးတို့ဟာ ပိတ်ကစားရုံသာ တတ်နိုင်ခဲ့ပြီး တကယ်တမ်းလည်း အပိတ်ကောင်းခဲ့သလို ဆရာပက်ရဲ့ နို့ဘူးအသင်းကိုယ်တိုင်ကပါ အခွင့်အရေးတွေ ဖြုန်းတီးနေခဲ့တာမို့ ပထမပိုင်းမှာ ဂိုးမရှိသရေ နဲ့ ပြီးဆုံးနေခဲ့ပါတယ်။
  • ရွှေဘ ဟာ ရွှေဘပဲဖြစ်တာမို့ ဒုတိယပိုင်းအရောက်မှာတော့ လိုအပ်နေတဲ့ သွင်းဂိုးတွေကို ဆရာပက်ရဲ့ နို့ဘူးအသင်း ရယူသွားနိုင်ခဲ့ပြီး ‌ဘောလုံးကိုင်ရင်း အခွင့်အရေးတွေ ဖန်တီးရင်းနဲ့ အကီ , ဟာလန်းနဲ့ ဖိုဒန်တို့က ဇယားထိပ်ကို တက်လှမ်းစေခဲ့တာပါ။
  • သက်တောင့်သက်သာနိုင်ပွဲကြောင့် ခိုးကြည့်သူတွေကို စိတ်သောကရောက်စေခဲ့ပြီး နို့ဘူးတို့ဟာ မူလနေရာအမှန်ဖြစ်တဲ့ နံပါတ်(၁) နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

credit