စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးငွေသိန်းချီတောင်းတယ်လို့ DVB မှ သတင်းအမှားရေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တောင်ဘက်၊ ရွှေညောင်ပင် စစ်တပ်စစ်ဆေးရေးဂိတ်မှာ နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ ဒေသခံကားသမားတွေနဲ့ ကျေးရွာလူထုတွေဆီကနေ ငွေသိန်းချီ ကောက်ခံနေပြီး မပေးဘဲနေတဲ့လူတွေကို ဖမ်းဆီးစစ်ဆေးတာရှိတယ်လို့ DVB မှဇူလိုင်လ ၂၀ ရက်နေ့တွင် ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တောင်ဘက်၊ ရွှေညောင်ပင် စစ်တပ်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအရ စစ်ဆေးခြင်းဖြစ်ပြီး ငွေကောက်ခံခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ DVB မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်ကိုအပုတ်ချကာ ငွေသိန်းချီကောက်ခံတယ် မပေးရင်ဖမ်းဆီးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK