ပုလဲမြို့နယ်တွင် တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၅ ဦး သေဆုံးဟု Khit Thit မှ သတင်းတုရေးသား

ဇွန်လ ၁၄ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲနယ်တွင် တပ်မတော်စစ်ကြောင်းကို မင်းတိုင်ပင်ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာ အကြားတွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ ဇွန်လ ၁၄ ရက်နေ့၌ ပုလဲမြို့ မင်းတိုင်ပင်ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာ အကြားတွင် တပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တိုက်ခိုက်ခံရခြင်းလည်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးယဉ်၍ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။