လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းထိ၍ ၅ ဦး သေဆုံးတယ်လို့ မြေလတ်အသံမှ သတင်းအတုရေး

ဩဂုတ် ၁ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အထွက် မြို့မုဒ်ဦးနေရာအနီးမှာ တော်လှန်ရေးစာတန်း လာဖြုတ်တဲ့ လုံခြုံရေးအဖွဲ့ မိုင်းထိလို့ ၅ ဦးသေဆုံးတယ်လို့ မြေလတ်အသံ မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အထွက် မြို့မုဒ်ဦးနေရာအနီးတွင် ဆန္ဒပြတဲ့စာတန်း ချိတ်ဆွဲခြင်းမရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်ခံရခြင်းလည်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ မြေလတ်အသံ မှ တစ်ခြားနေရာမှာ ရိုက်ထားတဲ့ ပုံနဲ့ အများပြည်သူများ အထင်အမြင်မှားအောင် လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။