ငါန်းဇွန်မှာ ရွာသား ၇၀ ကျော်ကို တပ်မတော်ကဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအမှား

စက်တင်ဘာလ ၄ ရက်နေ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာမှ ရွာခံ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် နန်းတွင်းဘုန်းကြီးကျောင်းတွင် တပ်မတော်က ဖမ်းဆီးထားကြောင်း Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ သားကျင်းရွာသို့ တပ်မတော်စစ်ကြောင်းဝင်ရောက်ခဲ့ခြင်းမရှိသလို ဒေသခံ ၇၀ ကျော်ကို ဖမ်းဆီးထားခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Mizzima မှ ဖြစ်စဉ်မရှိဘဲ တပ်မတော်သားများကို ပြည်သူများမုန်းတီးပြီး ယုံကြည်မှုကင်းမဲ့လာအောင် တမင်အပုတ်ချလုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။