ပဲခူးကျောက်ကြီးဘက်က တိုက်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးဆိုတဲ့ သတင်းအမှား

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ညောင်လေးပင်ခရိုင်၊ မုန်း၊ ကျောက်ကြီးဒေသတွင် ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် လေးရက်တာ ထိတွေ့တိုက်ပွဲအတွင်း တပ်မတော်သား ၈၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူအများစုသည် ၎င်းတို့၏ တပ်ဘက်က ပစ်ခတ်သည့်လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်ထိမှန်၍ သေဆုံးခြင်းဖြစ်ကြောင်း Ayeyarwaddy မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်ဉ်အမှန်မှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင် ၈၀ ကျော်သေဆုံးခဲ့ခြင်းမရှိသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Ayeyarwaddy မှ ဖြစ်စဉ်မရှိဘဲ တပ်မတော်ကို အပုတ်ချကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံးတယ်လို့ စိတ်ကူးပုံဖော် လူအထင်ကြီးအောင် သတင်းအတုလုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။