တပ်မဟာ ၆ နယ်မြေတိုက်ပွဲမှာ စစ်သား ၁၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၂၁ ရက်နေ့စ၍ KNU တပ်မဟာ ၆ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော စစ်တပ်၏ ဗိုလ်မှူး အောင်မြင့်သိန်း ၊ ဗိုလ်မှူး နိုင်ဝင်း ဦးဆောင်သော ခမရ−၄၀၇ တပ်ရင်း၊ တပ်မ ၄၄ လက်အောက်ခံ ခမရ− ၁၀၄ တပ်ရင်းပူးပေါင်း အင်အား ၁၀၀ကျော်ရှိ စစ်ကြောင်းကို KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၁ ရက်နေ့ KNU တပ်မဟာ ၆ နယ်မြေအတွင်းမှာ တပ်မတော်စစ်ကြောင်း ခမရ-၁၀၄ နှင့် KNU/ PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ စစ်သား ၁၀ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စိတ်ကူးပုံဇော်ပြီး လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FactCheck