ပခုက္ကူမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းတွင် ပခုက္ကူ-ရေစကြိုလမ်းပိုင်း၌ ဖောက်ခွဲတိုက်ခိုက်မှုအပြီး မပေါက်ကွဲပဲကျန်ရှိနေသော မိုင်းများကိုလမ်းပိတ်ကာ မိုင်းရှင်လင်းပြီးနောက်ပြန်အထွက်တွင် နောက်ထပ် ထောင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး သေဆုံးအလောင်းများကို ချက်ချင်းကောက်ယူနိုင်ခြင်းမရှိပဲ နာရေးကားမလာခင်အထိ မိုးကာဖြင့်အုပ်ထားကြောင်း Khit Thit မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၃ ရက်နေ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်း၌ လုံခြုံရေးတပ်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်လည်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ တပ်မတော်ကိုတမင်အပုတ်ချကာ လူထင်ကြီးအောင် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်လို့ဆိုကာ ရည်ရွယ်ချက်ရှိရှိလုပ်ကြံရေးသားထားခြင်းဖြစ်ပါသည်။

FakeNews

FACT-CHECK