ဘီးလင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်လို့ Ayeyarwaddy Times မှ သတင်းအတုရေး

အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Ayeyarwaddy Times မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ ၁၇ ရက်နေ့ ဘီးလင်းမြို့နယ်အတွင်း၌ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Ayeyarwaddy Times မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်ဆိုပြီး အများပြည်သူများ အထင်အမှတ်မှားအောင် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။