RFA Burmese ကရေးတဲ့ တက်တူရွာသတင်းအမှား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တက်တူရွာထဲက နေအိမ်တစ်လုံးပေါ်ကို ဇူလိုင် ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ RFA Burmese မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တက်တူရွာတွင် စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားများသေဆုံးခဲ့ခြင်းမရှိကြောင်းနှင့် တပ်များအနေဖြင့် နယ်မြေရှင်းလင်းလျက်ရှိကြောင်း ဒေသတွင်းသတင်း ပေးချက်များအရသိရှိရပါတယ်။ RFA Burmese မှ ဖြစ်စဉ်အမှန်မရေးဘဲ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးငယ် ၁၁ ဦး ဒဏ်ရာရတယ်လို့ သတင်းအမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများအထင်လွဲမှားအောင် လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK