လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရ၍ ၅ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဩဂုတ်လ ၂၂ ရက် ညနေ ၃ နာရီ ၇ မိနစ်ခန့်က မြင်းခြံမြို့နယ်၊ ကျောက် ကံ(ပျူ) ရွာမှ လိုက်ထရပ်ကားတစ်စီး၊ မှန်လုံယာဉ် ၃ စီးဖြင့် ထွက်လာရာ မှန်လုံယာဉ် ၃ စီးမှာ နဘူးအိုင်ဘက်သို့ ထွက်ခွာသွားပြီး လိုက်ထရပ် ကားတစ်စီးမှာ မြင်းခြံမြို့ ဘက် သို့ ထွက်လာရာ လိုက်ထရပ်ကားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းအတွင်း သို့ ရောက်ရှိလာသဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း ၊ တပ်ခွဲ ၂ (MGN 35) တပ်ဖွဲ့နှင့် ဒေါင်းမင်းတမာန် MGN ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၂၂ ရက်နေ့၌ မြင်းခြံမြို့နယ်၊ ကျောက်ကံ(ပျူ)ရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ PDF တွေ ခရီးသွားပြည်သူများ လိုက်ပါလာသော Hilux ကားကို အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်တဲ့ ဗွီဒီယိုဖိုင်အား Khit Thit မှ ဗြောင်လိမ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရလို့ ၅ ဦး သေဆုံးတယ်ဆိုပြီး လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။