လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ သထုံမြို့နှင့် ဘီးလင်းမြို့အကြား ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်ရှိ ကျုံအိတ်တံတား အမြန်ပြုပြင်နိုင်ရန် စစ်တပ်၏ သထုံခရိုင်အတွင်းရှိ တပ်မ ၄၄ လက်အောက်ခံတပ်ရင်းများနှင့် BGF တပ်ရင်းများပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ၁၃ ရက် အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံးကာ အများအပြားဒဏ်ရာရရှိ၍ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ မော်လမြိုင် အဝေးပြေးလမ်းမပေါ်ရှိ ကျုံအိတ်တံတားအနီးတွင် ၁၃ ရက်အတွင်း စကစတပ်ဖွဲ့ဝင်များနှင့် KNLA/PDF အဖွဲ့များ တိုက်ပွဲ ၂ ကြိမ်သာဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး ကျဆုံးကာ ၁ ဦးသာ ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်ကို ပုံကြီးချဲကာ Khit Thit မှ အများအထင်မှားအောင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးတယ်ဆိုပြီး မဟုတ်မမှန် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။