စပိန်ကြက်တောင်မယ်ကို ၁၆ ဦး အဆင့်တွင် သက်ထားသူဇာရှုံးနိမ့်

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် ၁၆ ဦးအဆင့်ဖြင့်သာကျေနပ်လိုက်ရကြောင်း သိရသည်။

သက်ထားသူဇာသည် ယမန်နေ့ ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခန့်က(၁၆) ဦးအဆင့်တွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၆) ရှိ စပိန်ကြက်‌တောင်မယ် Carolina Marin နှင့်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။