တပ်ပျက်နေတဲ့ MNDAA လူသစ်အတင်းအဓမ္မစုဆောင်းနေရ

ရှမ်းမြောက်တိုက်ပွဲများအတွင်း အကြမ်းဖက်သမားများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် အကျအဆုံးများသွားခဲ့တဲ့ MNDAA အကြမ်းဖက်များအနေဖြင့် လောက်ကိုင်မြို့၊ နမ့်ခမ်းမြို့များတွင် လူသစ်များ အတင်းအဓမ္မစုဆောင်းနေကြောင်း သိရှိရပါတယ်။ MNDAA အနေဖြင့် တပ်သားသစ်မရတဲ့အဆုံး ယုတ်မာသည့်နည်းလမ်းဖြင့် စစ်ရှောင်နေရသည့် လူငယ်များကို ဖမ်းဆီးစုဆောင်းနေကြောင်းကို ရှမ်းပြည်လူထုများနှင့် မီဒီယာများထံမှ သိရပါတယ်။ အဆိုပါလုပ်ရပ်များကြောင့် ဒေသခံလူငယ်များအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများခံစားနေရပြီး မိမိတို့သားသမီးများအား နီးစပ်ရာမြို့များသို့ ရှောင်ပြေးခိုင်းနေရကြောင်းနှင့် အဆိုပါအကြမ်းဖက်သမားများအား ရှင်းလင်းပေးရန် တပ်မတော်စစ်ကြောင်းများသို့ အကူအညီတောင်းခံလာနေကြောင်းကိုလည်း သိရှိရပါတယ်။ နောက်ဆုံးတော့ အကြမ်းဖက်သမားတွေက အကြမ်းဖက်အကျင့်အတိုင်းပဲ ကျင့်ကြံကြတာပါပဲ။ ဒါကြောင့်မို့ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများကို အားပေးအားမြှောက်မလုပ်ဘဲ တပ်မတော်နှင့်သာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။