အိုကေနားဆား (ထွန်းမောင်နှင့် အလွဲများ)

အိုကေနားဆား

ဟလို အမိန့်ရှိပါ´ ဟလို အေး ကျွဲကြီးလား၊ ငါပါ ထူးကျော်ပါ´
အေးသူငယ်ချင်း ဘာရှိ´ ရတ တက်ဖို့ကွာ တိုင်းကို သတင်းပို့ရင်း မင်းတို့ တပ်မှာ
ဒီည တည်းရမှာ၊ အခု မြို့ဝင် ဆိုင်းပုဒ်နားရောက်နေပြီ´
သြော် အေးအေး သူငယ်ချင်း ငါဘာပြင်ပေးထားရမလဲ ရပါတယ်ကွာ အိုကေနားဆားဆို အဆင်ပြေပါတယ်´ ဘာတုန်းက အိုကေနားဆား´
မင်းက မသိချင်ယောင် ဆောင်နေပြန်ပြီး၊ ဒဲ့ပြောဟ ငါက ရိုးတယ် ဘာမှသိတာ မဟုတ်ဘူး´ အေးကွာ လေကျောရှည်တယ် ကျွဲမရာ ၊ ဒါပဲ ရောက်မှ ပြောမယ်´

ဖုန်းပြောပြီးနောက် အိုကေနားဆာ အထှာသိလျက်နဲ့ မသိချင်ယောင် ဆောင်မေးလိုက်ပေမယ့် အဖော်ကောင်းလို့ပွဲတောင်းတာဆိုပြီး
ကြိတ်ပျော်နေသည်။

ဒီလိုနဲ့ တပ်ရင်းမှူး ထူးကျော်တို့ စီနင်းလာတဲ့ FAW ကားများ တပ်ထဲသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် လုပ်စရာရှိတာ၊ သတင်းပို့စရာများ ပို့ ညွှန်ကြားချက်များ နာခံပြီး တိုင်းက
ပြန်ရောက်လာခဲ့ပြီးနောက် ဖုန်းဆက်လိုက်သည်
ဟလို´ အေး ကျွဲကြီး ဟျောင့် ဘာညာဆမကလာ ပြီးခဲ့ပြီး
ငါရေချိုးပြီးရင် ဒိုးမယ်´
ထိုစဥ် ဇနီးဖြစ်သူကြည့်နေသည်ကို မြင်လိုက်ရသည့် တပ်ရင်းမှူး ထွန်းအောင် တစ်ယောက် လန့်သွားပြီး စကားတွေ တွန့်ကုန်သည်
အေးအေး သူငယ်ချင်း နားဆားနားဆား´ဆိုပြီး ဖုန်းချလိုက်သည် ဇနီဖြစ်သူ လှမ်းလာသည့် ခြေလှမ်းများကို ကြည့်ပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေသည် ဒါ ဘယ်ကို ခြေလှမ်းသွားဖို့ ချောင်းနေတာလဲ ကိုကိုထွန်း၊ ရှင်က ဘာတွေ နားဆားချင်နေတာလဲ´
ဒီလိုပါ ကိုယ့်သူငယ်ချင်း ရတ တက်မှာ အခုကိုယ်တို့ တပ်မှာ ဒီည တည်းမှာ ခုနကမှ တိုင်းက ပြန်လာတာမို့ ခဏနားအုံး ပြီးမှ ငါလာခဲ့မယ် သူငယ်ချင်းလို့ ပြောတာပါ မိန်းမရယ်´ သြော် ရှင်က တစ်ခါတည်း အပြင်ထွက်ဖို့ပါ ပြောလိုက်တာပေါ့လေ´
ရော် မိန်းမရယ် ကိုယ်တို့ သူငယ်ချင်းတွေ ဆိုတာ တစ်ခါတစ်ရံမှ တွေ့ရတာ ဧည့်ဝတ်ကျေရမှာပေါ့´ အော် သွားချင်တဲ့ အချိန်သွား ပြန်ချင်တဲ့ အချိန်ပြန်လာမယ် မလုပ်နဲ့ ဂေါ်မစွံ လူပျိုကြီးတွေနဲ့ပေါင်းပြီး မိုက်မယ် မကြံနဲ့နော်´
အေးပါ မိန်းမရ´ ပါမစ်ရပြီဆိုပြီး ပျော်သွားသည် ****---- လာတက်သူငယ်ချင်း သွားမယ်´
ဘယ်သွားမှာလဲ´ လာစမ်းပါကွာ ငါမြို့ဆိုတော့ ငါဧည့်ဝတ်ကြေမှာပါ´
အေး ပြီးတာဘဲ´ လောလောဆယ် ဘီယာဆိုင်ဒိုးမယ်´

ဘီယာထိုင်သောက်ရင်း သူငယ်ချင်း ၂ ယောက် ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြောရင်း အရှိန်တက်လာချိန်မှာ
တပ်ရင်းမှူး ထူးကျော်က
ဟေ့ကောင် ကျွဲကြီး၊ အိုကေနားဆားကြမယ်လေ´ ဟာ မင်းက လုပ်ပြီကွာ ၊ ဘယ်ဒိုအုံးမှာလဲ´
B-plan အိုကေနားဆားလေ၊ ဘာလဲ မင်းက လိုက်မပိုချင်ဘူးလား´ အေးပါကွာ ပို့မယ် ပို့မယ် ဟုတ်ပြီလား´

***—-
အစ်ကိုကြီး ဘာသီချင်းထည့်မှာလဲ´ ထိုစဥ် လူပျိုကြီး ထူးကျော်က ဟင် သဲငယ်လေး ဆိုချင်တာ ဆို၊ ကိုကိုအကုန်လိုက်ဆိုမယ်´
ရော့ ညီမလေးက ပန်းသီးစား အစ်ကိုကြီးက issue စားမယ်´ issue က ဘာကြီးလဲ အစ်ကိုကြီး´
issue ဆိုတာ တပ်စားရိပ်သာက ​ကျွေးတဲ့ ထမင်းဟင်းပြောတာပါ၊ အစ်ကိုက လူပျိုကြီး စစ်စစ် သလား´ သိပါတယ်´
issue စား ဆိုတာက အစ်ကိုကြီးတို့က လစာထုတ်ပြီး ၂ ပတ်လောက် ရတဲ့လစာ သုံးပစ်ပြီး ကျန်တဲ့ ၁၅ ရက်က စာရိပ်သားက ကျွေးတဲ့ issue ကိုစားတာ ပြောတာပါ´ ကွီးတို့လစာက ညလေးတို့ လျှောက်မှာပြီး ရှင်းလိုက်ရလို့
ညီမလေးက ပန်းသီးစား၊ အစ်ကိုကြီးက issue စားလို့ပြောတာပါအေ´
စော်နဲ့ကျူနေရင် သူငယ်ချင်းဖက်ကို လှည့်ပြီး

ဟေ့ကောင် ထွန်းအောင် မင်းက မိန်းမကြောက်တာလာ ခေါ်စရာရှိတာ ခေါ်လေ ´ တော်ပါပြီ သူငယ်ချင်းရာ´
တစ်ဖြည်းဖြည်းတက် အရှိန်များတက်လာချိန်
ဖြစ်ချင်တာတွေ မှာချင်တာတွေ လျှောက်သောက်စားပြီး
ပါသမျှအကုန်ကုန်ပြီး ပြန်လာခဲ့ကြသည်

ကိုထွန်အောင် ကိုထွန်းအောင် ရှင်ထစမ်း ရှင်က ကျုပ်နဲ့ လာမအိပ်ဘဲ ဧည့်ခန်းမှာ ဘာလို့ အိပ်နေရတာလဲ ဟမ် ရှင် မနေညက ဘဟ်အချိန်မှ ပြန်လာတာလဲ ကျွန်မ ဖုန်းခေါ်တာလည်း ရှင်က ဘာလို့ မကိုင်ရတာလဲ´ ဒေါသူပုန်ထနေတဲ့ မိန်းမကြည့်ရင် ရှိပါတယ် မိန်းမရဲ့ အိမ်မှာ ဘက်စမန်းခေါ်ထာတဲ့ ငမွေးထိုးထွန်းမောင်ကို တပ်ရင်းမှူးက တပည့်ကျော် ကားထဲက အိတ်ထဲကို သွားကြည့်စမ်း
ငါ့ဖုန်းအဲ့အထဲမှာ နေမှာ´

ထွန်းမောင်တစ်ယောက် လက်ထဲက ကိုင်လာပြီး
ပြောလိုက်တာက
`အဘ ဖုန်းတော့ မတွေဘူး ၊ အဘ အိတ်ထဲမှာ
ဒီ KTV remote ကြီးပဲ ပါလာတယ်´

တပ်ရင်းမှူး မျက်လုံးကြီး ပြူးပြီး ဟေ့ကောင်
ထွန်းမောင်လို့ ကျယ်လောင်စွာ
အော်ငါက်ရင်း

အိုကေနားဆားလေး ဒီမှာ ရပ်ပါရစေ

မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်လိုခြင်းမရှိပါ
စိတ်ကူးယဥ်သက်သက်သာ ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်