PDF မ တစ်ဦး လက်နက်ကြီးထိမှန်ခဲ့သော်လည်း NUG ၏ဆေးကုသခွင့်မရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲအတွင်း တပ်မတော်ရဲ့ လက်နက်ကြီးမှန်လို့ PDF မ တစ်ဦး သအိမ်နဲ့ စအိုကွဲသွားခဲ့တယ်လို့ လူမှုကွန်ယက်မှာ အိုင်းရင်းက ပြောဆိုထားပါတယ်။ ဒီလိုဒဏ်ရာတွေရခဲ့ပေမယ့်လည်း MOD အကြမ်းဖက်အဖွဲ့က အဆိုပါအမျိုးသမီးအား ဆေးကုသခွင့်မပေးဘဲ PDF များအနေဖြင့် မြေပြင်မှာပဲ ဖြစ်သလိုရအောင် အသက်ကယ်လိုက်ရတယ်လို့ ဆိုထားပါတယ်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် နည်းမျိုးစုံဖြင့် အလှူခံ‌နေသော်လည်း အလှူခံရငွေတွေကို ပြန်လည်ထောက်ပံ့ပေးခြင်း မရှိဘဲ ကိုယ်ကျိုးများအတွက်သာ သုံးစွဲနေတယ်လို့လည်း အချင်းချင်းကြားမှာပြောဆိုလာနေကြပါတယ်။ ထူးဆန်တာက တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီးက ဘယ်လိုလက်နက်ကြီးမို့ သအိမ်နဲ့ စအိုပဲကွဲသွားခဲ့တာလဲ? လက်နက်ကြီးရော ဟုတ်ရဲ့လား အချင်းချင်းကြားက PDF တွေရဲ့ ကိုယ်ပိုင်လက်နက်ကြီးလား? စဉ်းစားလို့တောင်မရဘူးဖြစ်နေပါပြီ…