ကနီမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၀ ဦး သေဆုံးတယ်လို့ Mizzima မှ သတင်းအတုရေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာတွင် စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း ပြည်ထောင်စုလွတ်မြောက်ရေး တပ်ပေါင်းစု(ULF)ထံမှ သိရသည်။ ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ လေးနာရီကြာမြင့်ခဲ့ကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၈ ရက်နေ့၌ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Mizzima မှ လုပ်ဇာတ်ဆင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၀ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။