အကြမ်းဖက် KNU/PDF များမှ ရွှေပုလဲသီ ခရီးသည်တင်မှန်လုံယာဉ်အား သေနတ်ဖြင့် ပစ်ခတ်

ဩဂုတ်လ ၂၄ ရက်၊ နံနက် ၅ နာရီ ၁၅ မိနစ် အချိန်ခန့်က ခရီးသည် ကျား(၂၀)ဦး၊ မ(၁၃)ဦး၊ပေါင်း(၃၃)ဦး တင်ဆောင်လာသည့် ယာဉ်အမှတ် 3N-8400 ရွှေပုလဲသီ ခရီးသည်တင်မှန်လုံယာဉ်သည်တင် မှန်လုံယာဉ်မှာ ရန်ကုန်မြို့မှ မြိတ်မြို့သို့ ထွက်ခွာလာစဉ် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ အရောက်၌ အကြမ်းဖက် KNU/PDF များ၏ လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရပါတယ်။
အကြမ်းဖက် KNU/PDF များ၏ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်၏ ဝဲဘက်မှန်သို့ကျည် ၁ ချက်ဖောက်ဝင်ခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ခရီးသည်များ ကျည်ထိမှန်မှု မရှိသော်လည်း ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့်-
(က)မဝါဝါဝင်း၊ ၂၆ နှစ်၊ (ဘ)ဦးပေါက်စ၊ တောင်ပန်းဆွဲကျေးရွာ၊သာယာဝတီမြို့နယ် နေသူတွင် ဝဲလက်သန်းကြွယ် မှန်စ စိုက်ဝင်ဒဏ်ရာ(၁)ချက်
(ခ)ဦးတင်ထွေး၊ ၃၄ နှစ်၊ (ဘ)ဦးသိန်းရွှေ၊ ဆိပ်ကမ်းသာလမ်း၊ အပြင်ပဒံကျေးရွာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတွင် အပေါ်နှုတ်ခမ်း မှန်စ စိုက်ဝင် ဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ အရပ်ဘက်ခရီးသည်တင်ကားအား ပစ်ခတ်မှုမှာ အကြမ်းဖက် KNU/PDF များ၏ အောက်တန်းကျသောလုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။