ကော့ကရိတ်-မြဝတီအာရှလမ်းအား KNU/PDF အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး

ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်းပေါ်တွင် ပေါက်ကွဲသံ ၂ ချက် ကြားရသဖြင့် တောနော်ရေတံခွန်အနီးတွင် လုံခြုံရေးဆောင်ရွက်နေသောလုံခြုံရေးအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ရာ ဆိတ်ဖူးတောင်နှင့် ဆိတ်ဖူးကုန်းအကြား  ရေထွက်ပြွန်ပေါက်အတွင်း KNU/PDF များမှ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲထားရှိကြောင်း တွေ့ရှိရကြောင်း တွေ့ရှိခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများမှ ခရီးသည်ယာဉ်များ ပြန်လည်သွားလာနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက်၊အဆောက်အဦးမှာကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးလျက်ရှိကြောင်းဖော်ပြပေးလိုက်ရပါတယ်။