ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေများ ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာာဝန်ရှိသူများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင်ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၁၄၂ စုအတွက် ငွေကျပ်သိန်း ၇၁၀ ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၄၂ သိန်းကို လည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၅၈၂ ဦးအတွက် ထောက်ပံ့ငွေ ၅၂၃၈၀၀၀ ကျပ်ကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit  ၁ ပုံးနှုန်းဖြင့် Family Kit  ၁၄၂ ပုံးနှင့် အိမ်ထောင်စု ၁ စုလျှင် တာပေါ်လင်စ ၁ စနှုန်းဖြင့် တာပေါ်လင်စ ၁၄၂ စကို လည်းကောင်း စခန်းတာဝန်ခံများထံ အသီးသီး ထောက်ပံ့ ပေးအပ်ကြသည်။