ရန်ကုန်က ပြည်သူ့ဆေးရုံများမှာ နိုင်ငံဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးပြုလုပ်

စက်တင်ဘာလ ၉ ရက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၌ နယ်မြေခံတပ်မတော်သားများနှင့်ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းကာ ခြုံနွယ်ပိတ်ပေါင်းများအားခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းစတဲ့ ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ပူး‌ပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။