စစ်ကိုင်းမှာတပ်မတော်စစ်ကြောင်း ဒရုန်းဖြင့် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရဆိုတဲ့သတင်းအမှား

စက်တင်ဘာလ ၄ ရက်နေ့ စစ်ကိုင်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၄ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ PDF တွေကိုဂုဏ်ဖော်လို၍ ဒရုန်းနဲ့တိုက်ခိုက်တာ တပ်မတော်သား ၈ ဦးသေတယ်လို့ စိတ်ကူးပုံဖော်လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။