လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၇ ဦး ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအတုရေး

ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်က ရေစကြိုမြို့မရဲစခန်းမှ သေနတ်များ ရမ်းသမ်းပစ် ဖောက်ထွက်လာသည့် စစ်သား ၃၀ ခန့်သည် ဥယျာဉ်စုရပ် အနီးအရောက် အပြစ်မဲ့ပြည်သူအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ပြီးနောက် ဆက်လက်ထွက်ခွာလာစဉ် ရေစကြိုမြို့ပြင် ခွါနီးတောင်ဘက် အုတ်ဖိုအရောက် ပဒေသာမိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ ၇ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၄ ရက်နေ့၌ ရေစကြိုမြို့နယ် ဥယျာဉ်စုရပ်တွင် တပ်ဖွဲ့ဝင်များက ပြည်သူ ၁ ဦးကို ပစ်သတ်တာမရှိခဲ့သလို ခွါနီးတောင်ဘက်တွင်လည်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ဇာတ်ဆင်ကာ ရေးသားထားခြင်းသာဖြစ်ပါတယ်။