ပေါက်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၆ ဦး သေဆုံးတယ်လို့ သတင်းအတုရေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ ဖြစ်ခဲ့တဲ့ ၆ ရက်တာတိုက်ပွဲမှာ စစ်သား ၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ ၆ ရက်တာအတွင်း ပေါက်မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ PDF တွေ အလှူခံတောင်းစားလို့ကောင်းအောင် မြေလတ်အသံနှင့် Khit Thit တို့မှ ဖြစ်စဉ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ သေဆုံးကာ ၁၈ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာရေးသားထားခြင်းသာဖြစ်ပါတယ်။