ဖေဖော်ဝါရီလ ၁ ရက်နေ့ တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။

-ရခိုင်ပြည်နယ် ကျောက်ဖြူမြိုနယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ကျောက်ဖြူ တောင် အရှေ့မြောက်ဘက်သိုအရောက် AA သောင်းကျန်းသူ ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက် သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ကျားရဲပြင်ကျေးရွာ၏ အနောက်တောင်ဘက်သိုအရောက် AA သောင်းကျန်းသူ ၈၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်း ပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း လက်လုပ်မိုင်း ၂ လုံး၊ ၄၀ မမဗုံးသီး ၁၂ လုံး၊ စက်လက်ကျည်ခါးပတ်တွဲ ၁ ခု၊ ကျည် ၁၅၆ တောင့် သိမ်းဆည်းရမိခဲ့။

-ကရင်ပြည်နယ် သံတောင်ကြီးခရိုင် လိပ်သိုမြို့နယ် မိုင်းလွန်စခန်းသို့ နေရာ ၃ နေရာမှ KNLA တပ်မဟာ (၂)၊ ရင်း (၅) နှင့် PDF ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်တွင် KNLA ၃ လောင်း၊ တရုတ်စက်လက် ၁ လက်၊ အမ်(၁၆) ၁လက် သိမ်းဆည်းရမိခဲ့။

-ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ်အတွင်းရှိ ကျင်ဒွေးနယ်မြေရဲစခန်းသို နေရာ ၄ နေရာမှ အကြမ်းဖက် ၁၂၀ ဦးခန့်က Drone ၊ ၄၀ မမ၊ စက်လက်၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။