ဒုတိယအကြိမ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမည်

လာမည့် နိုဝင်ဘာ (၁) ရက်မှ စတင်ကာ ဒုတိယအကြိမ် တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြင်ဆင်နေသည်။

ယင်းကဲ့သို့ မြန်မာတစ်နိုင်ငံလုံးရှိ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို ချန်လှပ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။