လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးတယ်လို့ Mizzima မှ သတင်းအတုရေး

ဩဂုတ်လ ၁၉ ရက်နေ့က ကျုံဒိုးမြို့နယ်၊ တောင်ကြားအင်းကျေးရွာ တံတားထိပ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်မှုရှိပြီး အဆိုပါတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်တွင် အရာရှိတဦးနှင့် တပ်ကြပ်တစ်ဦး သေဆုံး၍ ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၉ ရက်နေ့၌ ကျုံဒိုးမြို့နယ်၊ တောင်ကြားအင်းကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Mizzima မှ လုပ်ဇာတ်ဆင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။