လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်လို့ Mizzima မှ သတင်းအတုရေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက စိုင်းသေရွာတောရိုးကနေ မြေမလှရွာဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး တက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင် ခုနစ်ဦးထိ သေဆုံးသွားကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၇ ရက်နေ့၌ မကွေးတိုင်း၊ ရေစကြိုမြို့နယ် မြေမလှရွာအနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Mizzima မှ PDF တွေ လိုင်းပေါ်မှာ အလှူခံတောင်းစားလို့ကောင်းအောင် လုပ်ဇာတ်ဆင်ပြီး ရေးသားထားခြင်းသာဖြစ်ပါတယ်။