စာသင်ကျောင်းအတွင်း အကြမ်းဖက် PDF များ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိ

ဩဂုတ်လ ၂၀ ရက် နံနက် ၅ နာရီချိန်ခန့်တွင် ရွှေဘိုမြို့နယ် ချီပါကျေးရွာအား လုံခြုံရေးအဖွဲ့များမှ သတင်းအရ အသေးစိတ်ရှင်းလင်းခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ကျောင်းဆောင်များ၌ PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရန် သိမ်းထားသော လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး လက်နက်ခဲယမ်းများ အနေဖြင့်-

-လက်လုပ်သေနတ်(အရှည်) -၈ လက်
-လက်လုပ်သေနတ်(အတို) -၁ လက်
-လက်လုပ်မိုင်း- ၄ လုံး
-ပြောက်ကျားယူနီဖောင်း -၈ စုံ
-ဝါယာကြိုး(နီ/နက်) -၁ ခွေ
-ရီမု -၄ ခု
-Wish အမျိုးအစား လိုင်စင်မဲ့ကား ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။