ဒေသခံပြည်သူ ၁၁ ဦး ပစ်သတ်ခံရတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်ချောင်းကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်စီးနင်းပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ ၁၁ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်သွားကြောင်း Khit Thit မှ သတင်းအမှားတစ်ခုအား ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၁ ရက်နေ့၌ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ PDF များ ကြီးစိုးနေသော စုန်ချောင်းကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှင်းလင်းရာ PDF အများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အရပ်ဝတ် ကျား အလောင်း ၇ လောင်း၊ AKသေနတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ လက်လုပ် တစ်တောင့်ထိုးသေနတ် ၉ လက် ၊ ကျည်မျိုးစုံ ၄၃၆ တောင့်၊ AK ကျည်အိမ် ၂ ခု၊ M-22 ကျည်အိမ် ၂ ခု၊ လက်လုပ်လက်ပစ်ဗုံး ၁၇ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၀ လုံး၊ လက်လုပ်မိုင်း ၁၀ လုံး၊ ယမ်းကြိုး ၃ ခွေ၊ ယမ်းမှုန့် ၂ ပိဿာ၊ လမ်းလျှောက် စကားပြောစက် ၃ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ PDF တွေ သေတာကို ဗြောင်လိမ်ကာ တပ်မတော်ကို အထင်အမြင်မှားအောင် ရည်ရွယ်ချက်ရှိရှိ Khit Thit မှ အရပ်သားတွေ အစုလိုက် အသတ်ခံရတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူကို PDF က သတ်လို့သေတော့ ဒလန်တဲ့၊ PDF တွေ တိုက်ပွဲမှာသေတော့ ပြည်သူတဲ့ အဲ့လောက် အောက်တန်းမကျသင့်ဘူး Khit Thit ရ။

Disinformation

FactCheck

https://t.me/factcheckmm