ရဲ ၅ ဦး သေဆုံးတယ်လို့ Ayeyarwaddy Times မှ သတင်းအမှားရေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့၀င်များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့၀င်ရောက်တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်လက်အောက်ခံ ရဲတပ်သား ငါး ဦး သေဆုံးခဲ့ကြောင်း Ayeyarwaddy Times မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၅ ရက်နေ့၌ ဂန့်ဂေါမြို့နယ်၊ မင်းရွာနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များအား PDF များက အင်အားအများအပြားဖြင့် ချောင်းမြောင်းတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးသာ မစိုးရိမ်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Ayeyarwaddy Times မှ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်လို့ အများအထင်လွဲမှားအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။