မင်္ဂလာ၇ှိသော နံနက်ခင်းပါ

ကျေနပ်စွာလက်ခံလိုက်ပါ

ဘဝတစ်ခုကိုရလာပြီဆိုရင်
အဆိုး နဲ့ အကောင်းက

အမြဲတမ်းဒွန်တွဲပြီး
ပါလာတာသဘာဝပါ

သဘာဝကို
ဓမ္မနဲ့မကြည့်တတ်တဲ့အခါ

ငါ့မှာဒါမျိုးဖြစ်ရမလား
ဒါကိုငါလက်မခံနိုင်ဘူးဆိုတဲ့
ပေါက်ကွဲသံစဉ်တွေဟာ

ဘယ်သူ့အတွက်မှ
နားဝင်မချိုလှပါဘူး

ဘဝဆိုတာ
ဖြစ်ချင်းတိုင်းလည်း
ဖြစ်ရတာမဟုတ်သလို

လိုချင်တိုင်းလည်း
ရနေရတာမှမဟုတ်တာ

သဗ်ဗသေတ်တာ ကမ်မဿကာ ဆိုတဲ့
စကားဟာ ဘုရားဟော
တရားအစစ်ပါ

ကံတရားစီမံလာတဲ့အခါ
ဆိုးသည်ဖြစ်စေ
ကောင်းသည်ဖြစ်စေ
ငြင်းပယ်ခွင့်မှမရှိတာ

လွန်ဆန်လို့မရတဲ့
ကံတရားရဲ့ရလာဒ်တွေကို
လက်မခံနိုင်တာဟာ

လောကနဲ့အချိုးကြအောင်
မနေတတ်ဘူးလို့ပြောရမှာပါ

ဘယ်သူမှတော့
အဆိုးတွေကိုမလိုချင်ကြပါဘူး

ဒါပေမဲ့ ဘယ်သူမှလည်း
အကောင်းတွေချည်း
ရမနေတဲ့အခါ

ကျေနပ်စွာလက်ခံလိုက်တာက
ဝေဒနာ တစ်ခုသက်သာပါတယ်

ဒါကြောင့်…..
လွန်ဆန်ခွင့်မရှိတဲ့

ကံတရားရဲ့ရလာဒ်တွေကို
ကျေနပ်စွာလက်ခံလိုက်ပါ

(ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ
အသောကံ ဝိရဇံ ခေမံ ဧတံမင်္ဂလမုတ္တမံ)