စစ်ကိုင်း PDF များ၏ အလောင်းလက်နက်များရရှိ

ဩဂုတ်လ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ထန်းတောဆိပ်ကျေးရွာတွင် အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်းအရ  ဝင်ရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး –

  • pdf အလောင်း- ၂ လောင်း
  • AK-47 သေနတ် -၁ လက်
  • ကျည်အိမ် -၁ ခု
  • AK-47 ကျည် -၂၀ တောင့်
  • လက်လုပ်သေနတ် -၇ လက်
  • လက်လုပ်ရှော့တိုက်ပြောင်း -၁၀ ခု
  • လက်လုပ်မိုင်း -၄ လုံး
  • လက်လုပ်ရီမု- ၁၀ ခု
  • ၁၂ ဗို့ ဘက္ထရီ -၈ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် နေ့လည် ၁ နာရီခန့်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အလောင်း ၃ လောင်း၊ လက်လုပ်သေနတ် ၄ လက်တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။