ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တပ်မတော်ကပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ

ရခိုင်ဒေသရှိသဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး မုန်တိုင်းဒဏ်ခံစားနေရတဲ့ ပြည်သူများသို့လည်း ထောက်ပံ့ပစ္စည်းများကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများဖြင့်အချိန်မီပေးပို့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။