မန်စီးတီး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်(ဒုတိယအကျော့) အဖြစ် မန်စီးတီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မန်စီးတီးအသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို ၄ ဂိုး ဂိုးမရှနဲ့ အနိုင်ရပြီး နှစ်ကြော့ပေါင်း ၅-၁ ဂိုးဖြင့် ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးကို ဘာနာဒိုဆေးလ်ဗား ၂၃ မိနစ်နဲ့ ၃၇ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ၇၆ မိနစ်ကျော်မှာ မီလီတိုက OG နဲ့ အယ်လ်ဗာရက်ဇ်က နာကျင်အချိန်ပိုမှာသွင်းယူပေးသွားခဲ့ပါတယ်။