မင်္ဂလာရှိသောနံနက်ခင်းလေးပါ

🌷ခွင့်လွှတ်နားလည်ခြင်းနဲ့နေပါ🌷

လောကကြီးမှာ
အရာအားလုံးကောင်းနေဖို့

ကိုယ့်စိတ်တိုင်းကျဖြစ်နေဖို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။

မှားတဲ့သူတွေလည်းရှိနိုင်သလို
မတရားတဲ့သူတွေလည်းရှိနေကြမှာပါ ။

ဒါကို အပြစ်မြင်ပြီးတော့
စိတ်တွေပျက်နေမယ့်အစား
ကိုယ့်အမြင်လှအောင်ပဲ ကြိုးစားပါ ။

တစ်ခဏတာ လူ့ဘ၀ကြီးမှာ
ခွင့်လွှတ်နားလည်းခြင်းနဲ့နေသူဟာ
စိတ်အေးချမ်းမှု မပျောက်နိုင်ပါဘူး ။

အများရဲ့အပြစ်တွေနဲ့
အများမကောင်းကြောင်းတွေကို
လိုက်ပြီးကြည့်နေကြတဲ့သူတွေကသာ
မအေးချမ်းပဲ ဆင်းရဲနေရတာပါ ။

သူများစိတ်ဟာ
ကိုယ်ပြောင်းလဲလို့မရကောင်းနိုင်လို့

ကိုယ့်ရဲ့စိတ်ကိုပဲ ဆုံးမပြီးတော့
အကောင်းဘက်ရောက်ဖို့ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏