ပုသိမ်မြို့၌ ရေကူးအားကစားရုံ ပန္နက်တင်မင်္ဂလာပြုလုပ်

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပွဲကြည့်စင်ပါ မိုးလုံလေလုံ အဆင့်မီ ရေကူးအားကစားရုံ အဆောက်အဦး တည်ဆောက်ရေးလုပ်ငန်း ပန္နက်တင် မင်္ဂလာကို ကန်သုံးဆင့်၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။