မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကိုယ်ချင်းစာစိတ်နဲ့ထည့်တွေးပါ

ဘေးမကင်းတဲ့ အတွေးဟာ
ထိခိုက်နာကျင်မှု ပိုများပါတယ် ။

သူများမကောင်းကြောင်းတွေးရင်
ကိုယ့်မှာပူလောင်ရတတ်လို့
အပြစ်ကင်းအောင် တွေးတတ်ပါစေ ။

ကိုယ့်ရဲ့မကောင်းကြောင်းဟာ
တွေးမိရင် ပူလောင်ရတတ်လို့

နောက်ကြောင်းကိုပြန်မတွေးတော့ပဲ
လက်ရှိကောင်းဖို့နေတတ်ပါစေ ။

အတွေးမှားရင် အလုပ်မှားပြီး
ဘ၀ခရီးဟာ ခက်ခဲတတ်ပါတယ် ။

ကိုယ်ထင်သလိုလည်းမတွေးပါနဲ့
သူထင်သလိုလည်း မခံစားပါနဲ့ ။

ကိုယ်ထင်သလိုတွေးရင်
အမှားတွေပါပြီးအပြစ်ဖြစ်နိုင်သလို

သူထင်သလို လိုက်ခံစားရင်
စိတ်မကောင်းစရာ ဖြစ်ရနိုင်ပါတယ် ။

ကိုယ်ချင်းစာစိတ်နဲ့ထည့်တွေးရင်
အပြစ်ထက် အနှစ်ပိုကျန်နိုင်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏