မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

သာမညနဲ့ အချိန်မကုန်စေနဲ့

အစီစဥ်တွေ ဆွဲနေရတာနဲ့
ဘ၀အချိန်တွေ မကုန်စေပါနဲ့ ။

မပါလို့ဖြစ်တဲ့ နေရာမှာ
အလိုက်သင့်စွာ နေတတ်ပါစေ ။

မပြောလည်း ဖြစ်တဲ့ကိစ္စမှာ
မဆိုင်သလိုပဲ နေတတ်ပါစေ ။

အဓိကနဲ့သာမညကို သိဖို့လိုသလို
ကိုယ်ဖို့လား သူဖို့လားဆိုတာလည်း
ခွဲခြားနားလည်တတ်စေချင်ပါတယ် ။

ဘ၀ပိတ်ကား ချလိုက်တဲ့အခါ
အဓိကတွေသာ ရှိနေကြမှာဖြစ်လို့

အသက်ကြီးလာလေလေ
အရေးပါတာတွေ များနေပါစေ ။

အနှစ်မရှိတဲ့ ပျော်ခြင်းကိုလျှော့လို့
အပြစ်နည်းစွာ နေတတ်ပါစေ ။

ဘ၀လက်ကျန်ရက်လေးတွေမှာ
အကျိုးရှိစွာ နေပြီးတော့
ချမ်းသာစွာ သေရဖို့ကိုပဲကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏