မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌻ကိုယ်ပဲပြန်ခံစားရမှာပါ🌻

ဘဝကို
ဟန်ဆောင်ခြင်းတွေနဲ့
ရပ်တည်ပြီး မနေလိုက်ပါနဲ့

ဘဝကို
လိမ်ညာခြင်းတွေနဲ့
ရှင်သန်ပြီး မနေလိုက်ပါနဲ့

ဘဝကို
ကြွားဝါခြင်းတွေနဲ့
လျှောက်လှမ်း မနေလိုက်ပါနဲ့

ဘဝကို
ရိုးရိုးရှင်းရှင်း ရှိရင်းစွဲ
ကိုယ့်ဘဝအတိုင်း နေထိုင်ပါ

ပတ်ဝန်းကျင်က
ဘယ်လိုပဲ ကဲ့ရဲ့နေကြပါစေ
ဘယ်လိုပဲ ဝေဖန်နေကြပါစေ
ဘယ်လိုပဲ အပြစ်ပြောနေကြပါစေ

ကိုယ်ကျရာတာဝန်ကို
စေတနာတွေ အပြည့်နဲ့
ကျေပွန်စွာ ထမ်းဆောင်ပါ

ကိုယ့်စေတနာတွေက
နောင်တချိန်မှာ
ကိုယ်ပဲပြန်ခံစားရမှာပါ ။🌼🌼🌼

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️