မင်္ဂလာနံနက်ခင်းပါ

သူတစ်ပါးကြောင့်မဟုတ်ပါဘူး

လူတချို့
အားနာတတ်တဲ့စိတ်ကြောင့်
ဒုက္ခမရောက်သင့်ပဲ ဒုက္ခရောက်ကြရတယ်

လူတချို့
မပြတ်သားတဲ့စိတ်ကြောင့်
မနာကျင်သင့်ပဲ နာကျင်ကြရတယ်

လူတချို့
အမှတ်မထားတဲ့စိတ်ကြောင့်
မဆုံးရှုံးသင့်ပဲ ဆုံးရှုံးကြရတယ်

လူတချို့
သံသယစိတ်တွေကြောင့်
မခွဲခွါသင့်ပဲ ခွဲခွါကြရတယ်

လူတချို့
အတ္တစိတ်တွေကြောင့်
မမှားသင့်ပဲ အမှားတွေနဲ့ကြုံကြရတယ်

လူတချို့
မစ္ဆရိယစိတ်တွေကြောင့်
မမုန်းသင့် အမုန်းတွေနဲ့ကြုံကြရတယ်

တကယ်တော့
အဲလိုကြုံတွေ့နေရတာတွေက
သူတစ်ပါးကြောင်းလို့ မထင်လိုက်ပါနဲ့
မိမိစိတ်ကြောင့် ဖြစ်ရတာကြုံတွေ့ရတာပါ

ဒါကြောင့်
မကြုံသင့်တာ မကြုံရအောင်
မတွေ့သင့်တာ မတွေ့ရအောင်

မိမိစိတ်ကို
အတတ်နိုင်ဆုံး ပြင်ဆင်ထားပါ
အတတ်နိုင်ဆုံး အလေ့အကျင့်လုပ်ထားပါ။

အရှင်ဇဝန(ရွှေကုန်းမြေ)