ဒေါ်လာတစ်သန်းတန် ရုပ်ရှင်ကားတစ်ကား ရိုက်ကူး ထုတ်လုပ်ရေးအပိုင်းမှာ ညှိနှိုင်းဆွေးနွေးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ပိုင်တံခွန် သွားရောက်

မြန်မာပြည်သာမက ပြည်ပနိုင်ငံတချို့မှာပါ ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် ပိုင်တံခွန်က ဒေါ်လာတစ်သန်းတန် ရုပ်ရှင်တစ်ကားတစ်ခု ရိုက်ကူး ထုတ်လုပ်ရေးအပိုင်းမှာ ညှိနှိုင်းဆွေးနွေးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကို ဧပြီလ ၁၉ ရက်က ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက LD ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒါရိုက်တာ လိခ်လီဒါကတော့ ပိုင်တံခွန်ရဲ့ခရီးက သူ့ရဲ့ ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရုပ်ရှင်ကားတစ်ခု စီမံချက်နဲ့ပတ်သက်လို့ ဆန်းစစ်သုံးသပ်ကြဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပိုင်တံခွန်ဟာ မြို့တော်ဖနွမ်းပင်ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ ရောက်ရှိလာခဲ့တာလို့လည်း သတင်းတွေက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းအခြေအနေတွေကို စတင်ကြုံတွေ့ရတဲ့အချိန်က စပြီးတော့ အခု ကမ္ဘောဒီးယားခရီးစဉ်ဟာ မင်းသားနဲ့ မော်ဒယ်ဖြစ်တဲ့ပိုင်တံခွန်ရဲ့ ပထမဆုံးအကြိမ် ပြည်ပခရီးလည်းဖြစ်ပါတယ်။ ပိုင်တံခွန်က အနုပညာနဲ့ပတ်သက်ပြီး ရုပ်ရှင်မင်းသား၊ အဆိုတော်နဲ့ မော်ဒယ်အပိုင်းမှာလည်း မြန်မာပြည်မှာ အောင်မြင်မူများစွာ ရရှိထားပါတယ်…